About
ပညာပါရမီအသင်း (စင်္ကာပူ) ၏ ဆောင်ရွက်ချက်များ
ပညာပါရမီအသင်း (စင်္ကာပူ)ကို ၂၀၁၂ ခု၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဆရာတော် ဦးဉာဏ၀ရ၏ လမ်းညွှန်
မှုနဲ့ စတင်ဖွဲ့စည်းတည်ထောင်ခ့ပဲါတယ်။ ပညာပါရမီ လို့ နာမည်ပေးရတာကတော့ သုံးလောကထတ်ွထား
ရှင်တော်မြတ်ဘုရားရဲ့ ဖြည့်ကျင့်ခ့တဲ့ဲ ပါရမီတော် (၁၀) ပါးထမှဲာ တစ်ပါးအပါအ၀င်ဖြစ်တဲ့ ပညာပါရမီ ဆိုတဲ့
ပါရမီတစ်ပါးရဲ့ နာမည်ကို အတုယူသုံးစွဲထားခြင်းပဲဖြစ်ပါတယ်။ သုံးဆယ့်တစ်ဘုံ သံသရာကြီးမှာ ကျင်လည်
ကာ ဒုက္ခခံရတ့သဲ တ္တ၀ါတေဟွာ ပညာ နည်းခ့တဲာကြောင့်ဖြစ်တယ်ဆိုတာကို ဗုဒ္ဓဘုရားရဲ့ တရားတော်မှ တ
ဆင့်သိခွင့်ရခ့ပဲါတယ်။ ပညာပြည့်ပြီး သံသရာမှ လတ်ွချင်တယ်ဆိုရင် အများရဲ့ အကျိုးကိုဆောင်ရက်ွခြင်း
ပါရမီ ရှိဖို့လိုအပ်တယ်ဆိုတာကိုပါ ထပ်ဆင့်နာကြားသိမှတ်ခွင့်ရရှိခြဲ့ပန်ပါတယ်။ သံသရာတို ဒုက္ခအပို မလို
တော့တ့အဲ တကွ် အများရဲ့ အကျိုးသယ်ပိုးကာ ပညာနဲ့ ဘ၀ကို ဖြတ်သန်းနိုင်ပါစေကြောင်း ရည်ရယ်ွချက်နဲ့
ပညာပါရမီဆိုတဲ့ နာမည်ကို ပေးထားခြင်းဖြစ်တယ်ဆိုရင်လဲ မှားမယ်မထင်ပါဘူး။
ပညာပါရမီအသင်းကို ဖွဲ့စည်းရခြင်းအကြောင်းကတော့ ဗုဒ္ဓရဲ့ အဘိဓမ္မာအသိများကို လူတွေအလွယ်တကူ
သိစေဖို့နဲ့ ဗုဒ္ဓရဲ့ ဓမ္မအသိများကို ဖြန့်ဝေပေးနိုင်မယ့် ရဟန်းတော်များပေါ်ထနွ်းပေါ်ပေါက်လာစေရန်ထောက်
ပံ့လှူဒါန်းဖို့ပဲဖြစ်ပါတယ်။
အဘိဓမ္မာအသိပြန့်ပွားရေးလုပ်ဆောင်ချက်များန့ပဲ တ်သက်ပြီး ပညာပါရမီအသင်းမှဦးစီးကာ တနင်္ဂနွေနေ့
အပတ်စဉ်တိုင်း အလှူရှင်အိမ်တေမွှာ အဘိဓမ္မာတရားတော်ကို သင်ကြားပို့ချပေးနိုင်အောင်စီစဉ်ပေးခြင်းနဲ့
အသိများမပျောက်ပျက်အောင်၊လယ်ွကူစွာ လေ့လာနိုင်အောင်ရည်ရယ်ွချက်နဲ့ စေတနာရှင်၊အလှူရှင်များရဲ့
သဒ္ဓါအားနဲ့ စာအုပ်များကို ထုတ်ဝေ ဓမ္မဒါနပြုခြင်းတို့ပဲဖြစ်ပါတယ်။ ပညာပါရမီအသင်းမှ ထုတ်ဝေကာ ဓမ္မ
ဒါနပြုခ့တဲ့ စဲာအုပ်များကတော့ ၁။ ကံ ဟူသည် ၂။ အဘိဓမ္မာ ပထမဆင့် ၃။ အဘိဓမ္မာ ဒုတိယဆင့် နဲ့ ၄။ အ
ဘိဓမ္မာ သုံးဆင့်လုံးအတွက် အဘိဓမ္မာပို့ချချက် စာအုပ်အပါအ၀င် အဘိဓမ္မာရက်တိုသင်တန်းသားနှင့် အဘိ
ဓမ္မာကို ကိုယ်တိုင်လေ့လာသူများအတွက် လူသားနှင့် အဘိဓမ္မာစာအုပ်များပဲဖြစ်ပါတယ်။
ဗုဒ္ဓသာသနာတော် အရှည်တည် တံ့စေရန် ရည်ရယ်ွချက်နဲ့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်မှ
ကြီးမှုးကျင်းပသော အဘိဓမ္မာစာမေးပွဲ များတွင် ၀င်ရောက်ဖြေဆိုနိုင်အောင် လေ့ကျင့်သင်ကြားပေးခြင်းဟာ
လဲ အသင်းရဲ့ တစ်စိပ်တစ်ပိုင်းသော ရည်ရွယ်ချက်ဖြစ်ပါတယ်။ အခုဆိုရင် ပညာပါရမီ ဆရာတော်
ဦးဉာဏ၀ရ ဟာ ယူနိုစ့် မင်္ဂလ၀ိဟာရ ကျောင်းတော်ကြီးမှာ စနေနေ့နဲ့ တနင်္ဂနွေနေ့များမှာ
အဘိဓမ္မာသင်တန်းများကို ပုံမှန်သင်ကြားပို့ချပေးနေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် နှစ်စဉ်နှစ်တိုင်း စကာင်္ ပူတွင်ရှိသော အသင်းများဖြစ်တဲ့ အဘိဓမ္မာအသင်းကြီး၊ ထားဝယ်ပရဟိတ
အသင်းများနဲ့ ပူးပေါင်းကာ အဘိဓမ္မသင်တန်းသူ သင်တန်းသားများ စုပေါင်းကာ အဘိဓမ္မာသင်တန်းပို့ချ
ပေးသော သံဃာတော် အရှင်သူမြတ်များကို ၀ါဆိုသကင်္န်းဆက်ကပ်လှူဒါန်းခြင်း နဲ့ ကထိန်လရာသီတွင်
လည်း ကထိန်သကင်္န်းများကိုဆက်ကပ်လှူဒါန်းခြင်းတို့နဲ့ အသင်းများရဲ့ လိုအပ်ချက်များကို တစ်ဖက်တစ်
လမ်းက တတ်နိုင်သလောက် ပါဝင်ကူညီ လှူဒါန်းလျက်ရှိပါတယ်။
ဗုဒ္ဓသာသနာတော် အရှည်တည်တံ့ဖို့ဆိုရင် အသိများပျောက်ကွယ်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ရ
မှာဖြစ်သလို၊ သာသနာတော် ပြန့်ပွားအောင်လုပ်ပေးနိုင်စမွ်းရှိတဲ့ ရှင် ရဟန်းများပေါ်ပေါက်လာရေးဟာလဲ
အဓိက အခန်းကဏ္ဍမှာပါဝင်နေပါတယ်။ ဒါကြောင့် အသိပြန့်ပွားအောင် လုပ်ပေးနိုင်စမွ်းရှိတဲ့ ရှင် ရဟန်း
များကို နိုင်ငံခြားတွင် အသိပညာ၊အတတ်ပညာများ လွယ်ကူစွာသင်ကြားနိုင်အောင် မိမိတို့ ပညာပါရမီ အ
သင်းမှ လှူဒါန်းထောက်ပံ့လျက်ရှိပါတယ်။ အခုဆိုရင်ဖြင့် ပညာပါရမီအသင်းရဲ့ လှူဒါန်းမှုနဲ့ အိန္ဒိယနိုင်ငံ
ဗာရဏသီတက္ကသိုလ်တွင် တစ်ပါး၊ နာလန္ဒာတက္ကသိုလ်တွင် တစ်ပါး M.A တန်းတွင် ပညာများဆည်းပူး
လျက်ရှိပါတယ်။
တနည်းအားဖြင့် ပြောရမယ်ဆိုရင် အသက်နုသေးတဲ့ ပညာပါရမီအသင်းမှ နိုင်ငံခြားပညာသင် ရ ဟန်းတော်
တစ်ပါး မေွးထုတ်နိုင်ခြဲ့ပီလို့ပြောနိုင်ပါတယ်။ အထူးအားဖြင့် ပညာပါရမီ အသင်းရဲ့ ဦးစီးနာယက
ဆရာတော် ဦးဉာဏ၀ရ အတွက် စင်္ကာပူနိုင်ငံတွင် ရေရှည်သီတင်းသုံးကာ အဘိဓမ္မာတရားတော်များကို ပို့
ချစေနိုင်ဖို့ ရည်ရယ်ွချက်နဲ့ လစဉ် နေထိုင်၊သွားလာစရိတ်နဲ့ ကျောင်းစရိတ်များကို လှူဒါန်းလျက်ရှိပါတယ်။
ဒါဟာလဲ အသိပေး သာသနာပြုလုပ်ငန်းကို တစ်ဖက်တစ်လမ်းက စွမ်းနိုင်သလောက် ပါဝင်လုပ်ဆောင်နေ
ခြင်းပါပဲ။ သာသနပြုလုပ်ငန်းဆိုတာ အသိရှိသူအားလုံးနဲ့ ပတ်သက်နေတာမို့ ဓမ္မမိတ်ဆေမျွားအနေနဲ့
ပါဝင်ကာ သာသနာပြု လှူဒါန်းနိုင်ပါကြောင်းကိုလည်း တိုက်တွန်းလိုက်ပါရစေ။
ဘ၀သံသရာမှာ ကျင်လည်ကာ နေရဦးမယ်ဆိုရင် မရှိဆိုတ့စဲ ကားနဲ့ မသိဆိုတ့စဲ ကားများကို မကြားရဘဲ
ငြိမ်းချမ်းစွာဘ၀ကိုဖြတ်သန်းစေနိုင်ဖို့ အသိများကို ဖြန့်ဖြူးပေးခြင်း၊ အဆုံးဘ၀ နောက်ကာလမှာလဲ သစ္စာ
လေးတန် တရားမှန်ကို ထိုးထွင်သိကာ အေးငြိမ်းရာ မြတ်နိဗ္ဗာန်သို့ လျှင်မြန်စွာရောက်စေဖို့ အထောက်အပံ့
များရစေခြင်းဟာ ပညာပါရမီအသင်းရဲ့ အကြီးမားဆုံးရည်မှန်းချက်ပဲဖြစ်ပါတယ်။
ဒါကြောင့်မို့ ကြွရောက်ကာ အသိရှာဖြွေကသော ဓမ္မမိတ်ဆေမျွားအနေနဲ့ အသိကို ဦးစားပေးကာ အများ
အကျိုးရယ်ွသယ်ပိုးတဲ့ ပညာပါရမီ အသိများနြဲ့ပည့်စုံကာ ဘ၀ကိုအေးချမ်းစွာ ဖြတ်သန်းနိုင်ပါစေကြောင်း
မေတ္တာရေ ပက်ဖျန်းကာ ဆုမွန်ကောင်းတောင်းရင်း...
Subscribe to:
Comments (Atom)